Wednesday, August 7, 2019

ဆားပုလင်း ယင်ကောင်နှင့် ပွဲသိမ်းဖျာသိမ်းမမြစိမ်း


နိဒါန်း

သူမသည် လွန်စွာမှ လှပချောမောပြေပြစ်သောရုပ်အဆင်းရှိချေ၏။ ထို့အပြင် သူမသည် လွန်စွာမှရဲရင့်ခြင်းနှင့်ပြည့်စုံသည့်အပြင် လွန်စွာမှလည်း ကြောက်ရွံ့  သိမ်ငယ်ခြင်းရှိ၏။
ထို့နည်းတူစွာ သူတစ်ပါးအား ကြင်နာသနား ထောက်ထားညှာတာတတ်သည့်အပြင် ရက်ရက်စက်စက်ကလဲ့စားခြေလိုသောစိတ် အပြည့်ရှိလေ၏။

သူမ၏ ဘဝတစ်လျှောက်လုံး နိမ့်ပါးဆင်းရဲခဲ့စဉ်က မတရားခံခဲ့ရသမျှအား ရက်စက်စွာလက်တုန့်ပြန်တတ်သည့် ကြောက်မက်ဖွယ်ကောင်းသော အမျိုးသမီးတစ်ဦးပင်ဖြစ်ချေ၏။
သူမသည် တစ်ခါတရံ၌ သိုးငယ်ကလေးတစ်ကောင်ကဲ့သို့ ဖြူစင်စိတ်ထားရှိသော်ငြားလည်း တစ်ခါတရံ၌မူ မြေခွေးယုတ်ကဲ့သို့ ကောက်ကျစ်စဉ်းလဲခြင်းလည်း အပြည့်အဝရှိချေ၏။

သူမ၏ ဘဝဇာတ်ကြောင်းမှာ သနားစရာအတိ၊ စိတ်လှုပ်ရှားရင်ခုန်ဖွယ်အတိ၊ ကြောက်ရွံ့  လန့်ထိတ်ဖွယ်အတိ၊ နှစ်ထောင်းအားရဖွယ်အတိ၊ စက်ဆုပ်ရွံ့ရှာဖွယ်အတိ ၊ အားရကျေနပ်ဖွယ်အတိ ပင်ဖြစ်ချေတော့၏။ သူမ၏ အမည်သည်ကား မြစိမ်းနွယ် ပင်ဖြစ်တော့၏။

ထိုထိုမည်သော သူမ၏ဘဝဇာတ်ကြောင်းသည်ပင် ယခုရေးသားဖော်ပြလတ္တံ့သော ဆားပုလင်းယင်ကောင် နှင့် ပွဲပြီးဖျာသိမ်း မမြစိမ်း ဝတ္တုကြီးဖြစ်ပေတော့သတည်း

                                                  ပီကာဆို (ကွမ်းခြံကုန်း)

တစ်နေ့သ၌ မြန်မာပြည်အလည်ပိုင်းမြေလတ်မြို့လေးတစ်မြို့၏ ကြေးရည်တက်ရပ်ကွက်တစ်ခုအတွင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာကြီး ခြိမ့်ခြိမ့်သဲသဲကျင်းပလျက်ရှိချေ၏။ အလှူ့ရှင်မိသားစုမှာ ဤမြို့လေး၌အချမ်းသာဆုံးမိသားစုဖြစ်ခြင်းကြောင့် ဂုဏ်သရေရှိမင်းပရိသတ်များမှာ ဝင်လာမစဲ တသဲသဲပင်ဖြစ်လေတော့၏။

မနက်ပိုင်းကတည်းက ရှင်လောင်းလှည့်ပြီးဖြစ်သဖြင့် ယခုညသည် အလှူမင်္ဂလာနောက်ဆုံးညဖြစ်သည်နှင့်အညီ လွန်စွာမှပင် စည်းကားသိုက်မြိုက်၍လျက်ရှိ၏။
 ခြံဝန်းကြီးအလယ်ရှိ ဇာတ်ခုံပေါ်တွင် အစိမ်းရင့်ရောင်မင်းသမီးအဝတ်အစားဝတ်ဆင်ထားသည့်  လွန်စွာမှ ပဏာရလှသော အမျိုးသမီးလေးတစ်ဦးမှ
သိုးဆောင်းဘာသာစကားဖြင့် sexy dance ဟု အမည်ရသော လိင်စိတ်ထကြွစေသောအကဖြင့် ကပြဖျော်ဖြေလျက်ရှိချေ၏။  ရောင်စုံ ဒစ္စကို စလိုက်မီးများအောက်တွင် ကကြိုးကကွက်ပြောင်မြောက်စွာဖြင့် ပရိသတ်ကို ကပြအသုံးတော်ခံနေသည်မှာ အလွန်တရာမှပင် အနုပညာမြောက်ချေတော့သည်။

မြစိမ်းနွယ်ဟု အမည်ရသည့် မင်းသမီးလေးသွက်လက်စကနေစဉ် ဇာတ်စင်အောက် ပရိသတ်ထဲမှ လူဝကြီးတစ်ဦး စင်ပေါ်သို့ တက်လာလေသည်။
ထို့နောက် လူဝကြီးမှ မင်းသမီး၏ ရင်ဘတ်တွင် ငွေစက္ကူစများကို အပ်နှင့်သီပေးလေ၏။

ထိုစဉ်ခဏတွင်း၌ပင် မည်သို့မည်ပုံဖြစ်သည်မသိရဘဲ လူဝကြီးမှာ ဇာတ်စင်ပေါ်တွင်ကားခနဲ လဲကျသွားလေတော့သည်။
ဇာတ်စင်အောက်မှ ပွဲကြည့်ပရိသတ်မှာ ဟာခနဲ ဟင်ခနဲဖြစ်သွားလေ၏။ ထိုအခိုက်မှာပင် ဇာတ်စင် ကန့်လန့်ကာနောက်ကွယ်မှ
အရပ်ထောင်ထောင်မောင်းမောင်း၊ သက္ကလပ်ဦးထုပ်ခပ်ငိုက်ငိုက်စောင်းထားသော လွန်စွာခန့်ညားသော အမျိုးသားတစ်ဦးသည်
မင်းသမီးမြစိမ်းနွယ်အနီးသို့ အလွန်တရာမှ ကြည့်ကောင်းသော ခြေလှမ်းများဖြင့်ရောက်ရှိလာလေသည်။

ထို အမျိုးသားသည်  မင်းသမီးမြစိမ်းနွယ်အား ရုတ်တရက် လက်ထိပ်ခတ်လိုက်လေတော့သည်။
ထို့နောက် ဂလေစီယာရေခဲတောင်စီးကရက်ကို နှုတ်ခမ်းဖျားတွင် လွန်စွာကြည့်ကောင်းသောစတိုင်ဖြင့် တပ်လိုက်ပြီးနောက်
 အေးသာယာစက်မှုဇုံထုတ် ကြက်ဆူဆီသုံး ရှမ်းစတားမီးခြစ်ဖြင့် မီးညှိလိုက်လေသည်။
စီးကရက်ကို အားပါးတရရှိုက်သွင်းလိုက်ပြီးနောက် မီးခိုးငွေ့များကို စက်ဝိုင်းပုံစံမှုတ်ထုတ်လိုက်လေသည်။
ထို့နောက် မထိတရိလေသံဖြင့် အေးဆေးစွာပြောလိုက်သည်မှာ ---

“ မင်းသမီးမြစိမ်းနွယ် ...
အပြာရောင်ကဖေးလူသတ်မှု၊ မြင်းခြံမြို့ ဗလကြီးဆေးလိပ်ခုံပိုင်ရှင်သတ်မှု၊ မြင်းလှည်းသမားငနီသတ်မှု၊
မီလာရှီကာစိုင်းစိုင်းသတ်မှု ၊ လူသတ်မှုပေါင်း ၂၈ မှုအတွက် ခင်ဗျားကို ဖမ်းလိုက်ပြီ။ ”

မင်းသမီးမြစိမ်းနွယ်ကား  မတုန်မလှုပ်၊ ကျောက်ရုပ်အသွင်ဖြင့် မထိတရိ ရယ်လိုက်ပြီးနောက်
“ ရှင်က ဘယ်သူလဲ ၊ ဘာတွေ လာပြောနေတာလဲ ။ အူကြောင်ကြောင်မလုပ်နဲ့ အင်တာနက်မှာ တင်လိုက်ရမလား? ”  ဟု ခွန်းတုန့်ပြန်လိုက်ရာ အရပ်မြင့်မြင့်စတိုင်ကျကျယောင်္ကျားပျိုမှ တစ်ချက်ရယ်မောလိုက်ပြီးနောက်

“ ကျုပ် ... ဆားပုလင်း ယင်ကောင်ဘဲ ၊ လက်သည်မပေါ်တဲ့ လူသတ်မှုပေါင်း ၂၈ မှုအတွက် ခင်ဗျားနောက်ကိုလိုက်နေတာ ။ စီအိုင်ဒီက ဆားပုလင်း ယင်ကောင်ဆိုတာ ကျုပ်ဘဲ ” -- ဟု မာထန်ထန်ပြောလိုက်လေရာ  မင်းသမီးမြစိမ်းနွယ်မှာ မည်သို့မှ ခွန်းတုန့်မပြန်နိုင်တော့ဘဲ မူးမေ့လဲကျသွားလေသတည်း ။

ကျွန်ုပ် နှင့် လင်းဆွဲ


တစ်နေ့သ၌ ကျွန်ုပ်သည်  မနိုးစဖူးအနိုးထူးကာ မနက်စောစော အပ်ယာနိုးလာသောကြောင့် ဘာလုပ်၍ဘာကိုင်ရမည်မသိဖြစ်နေလေသည်။ ထိုအခိုက် ကျွန်ုပ်၏ ညာဘက်ဘေး၌ ခန့်ခန့်ကြီးနှင့်ဆန့်ဆန့်ကြီးအိပ်ပျော်နေသော ကျွန်ုပ်၏ဇနီး ရှုမညီးအား မလုံ့တလုံကပိုကရိုအလှဖြင့် မြင်ရသည့်အခါ ငယ်မူငယ်သွေး ချစ်ရမ္မက်လေးများ တက်ကြွလာကြောင်း ဝန်ခံရပေချိမ့် ။

ရှုမညီးသော ချစ်ဇနီးလေး ချစ်ယုဝေ မှာ မျက်နှာအဆီပြန်လျှက်၊ ဆံပင်များ ဖွာလန်ကျဲပြီးသကာလ သူမ၏ ပါးစောင်မှလည်း အာပုပ်ရည်များ စီးကျလျှက်ရှိချေ၏။ ကျွန်ုပ်လည်း အချိန်မဆိုင်းဘဲ တက်ကြွလာသော ကာမစိတ်များကို ချွန်းမအုပ် ဖွင့်ထုတ်လိုက်တော့မည်ဟု ဆုံးဖြတ်ပြီး ၊ သူမ၏ ပေါင်ကြားတွင် ဝင်ရောက်နေရာယူပါတော့သည်။

ချစ်ယုဝေ ၏ ထမီမှာ တိုင်းယက်သည့် ကဗ္ဗလာ ၊ မိုးရွာသည်နှင့် အဆင်သင့် ဆိုသလို သူမ၏လည်ပင်း၌ စွတ်၍ရှိနေရာ ကျွန်ုပ်အဖို့မှာမူ များစွာမှ လွယ်ကူလှပါ၏။ မနက်စောစောမို့ မာန်ထနေသည့် လက်စွဲတော် နှစ်လုံးပြူးကြီးမှာ ငေါက်တောက်ထနေပေတော့ရာ တိုက်ပွဲဝင်တော့မည့် စွယ်စုံဆင်ကြီးပမာပင် ထင်ရလေသည်။

ကျွန်ုပ်သည် အမွှေးရင့်ရင့်ထော်ထော်ကြီးများ ၊ တောထနေသည့် ချစ်ဇနီးရှုမညီး၏ အာပုံအား လက်ဖြင့် ခပ်ဆတ်ဆတ်တစ်ချက်ရိုက်လိုက်ရာ ချစ်ယုဝေ မှာ အိပ်နေရာမှ လန့်နိုးလာလေသည်။

“ ဟယ် .... မောင် ....။ စောစောစီးစီးမောင်ရယ် ။ ချစ်  မျက်နှာသစ်ပါရစေဦး၊ အာပုံလေးလည်း သန့်ရှင်းရေးလုပ်ပါရစေကွယ်”
ဟု အားနာစွာပြောလေရာ ကျွန်ုပ်က

“ ကွာ ... မလိုပါဘူး ချစ်ရယ်။ မောင်တို့ မင်းတို့အားလုံး ဒီထဲကဘဲ ထွက်လာတာ၊ မျက်နှာမသစ်လည်း ဘာမှမဖြစ်ဘူး၊ အာပုံမဆေးလည်း ဘာမှမဖြစ်ဘူး ၊ လင်းဆွဲ ဆိုတာ မင်း မကြားဖူးဘူးလား။ အဲ့သလို ဆေးနေကြောနေရင် လင်းဆွဲ ဆိုတဲ့ အဓိပ္ပာယ် မြောင်းထဲရောက်သွားမှာပေါ့ကွယ့် ။ ကဲ ... ကုန်းစမ်း ”
ဟု ပြောလိုက်ရာ  ချစ်ဇနီးလည်း မည်သို့မျှ ပြန်မပြောသာဘဲ ကျွန်ုပ်၏ အလိုအတိုင်း လေးဘက်ထောက် ကုန်းပေးလေတော့သည်။

ည မအိပ်ခင်က တစ်ကိုယ်လုံး လိမ်းကြံခဲ့သော ညလိမ်းခရင်မ် နှင့် အမွှေးနံ့သာများမှာ ချစ်ယုဝေလေး၏ ချွေးနံ့လေးနှင့် ပေါင်းစပ်ပြီးနောက် လွန်စွာမှ မွှေးပျံ့သော ကိုယ်သင်းနံ့ကို ဖြစ်ပေါ်စေလေသည်။ ကျွန်ုပ်သည် ဤမျှ စွဲဆောင်မှုရှိလှသော ကိုယ်လုံးလေးအား အပေါ်စီးမှ မိန့်မိန့်ကြီး ကြည့်ကာ သူကလေး၏ အာပုံလေးအပေါ် တံတွေးတစ်ချက်ထွေးချလိုက်လေသည်။

“ မောင် ... ဒါကဘာသဘောလဲ ၊  ရွံလို့လား  ။ ”
ဟု ချစ်ယုဝေလေးက လေသံမာမာဖြင့်ပြောလေရာ ကျွန်ုပ်က

“ ကွယ် ... မဟုတ်ရပါဘူးချစ်ရယ်။ မနက်စောစော လင်းဆွဲလေးမို့ ဆီမပါ ပြားမပါ ခြောက်ကပ်နေသကိုးကွဲ့ ။ အဲ့တာကြောင့် ချူဆီထည့်တာပါကွယ်။  ချစ် အာပုံလေးကို ရွံစရာလားကွယ် .. အရသာ လျှာကသိ ဆိုတဲ့ စကားပုံကို အကောင်းဆုံး သက်သေပြပြီးသားပါကွယ် ”  ဟု လေပျော့လေး နှင့် ချော့ရသေး၏။

ကျွန်ုပ်၏ နှစ်လုံးပြူးကြီးမှာမူ  သခင့်ခွင့်ပြုချက်ရလိုက်သော မြင်းကောင်းပမာ ဒုန်းစိုင်းလေတော့သည်။ ချစ်ယုဝေလေး၏ အာပုံအတွင်းသို့ ဝင်ကစွပ်၊ ထွက်ကစွပ် လုပ်နေသည်မှာ မြင်နေရသူ ကျွန်ုပ်အဖို့ပင်မနာလိုစရာကောင်းနေချေသေး
တော့သည်။ အချိန်ကြာလာသည်နှင့်အမျှ အရှည် ၆ လက်မ၊ လုံးပတ် အနေတော်မျှပင်ရှိသော်ငြား ၊ သန်မာတောင့်တင်းလှသည့် ကျွန်ုပ်၏ တိုက်ပွဲဝင် နှစ်လုံးပြူးကြီးကြောင့် တဖြည်းဖြည်းအရသာတွေ့လာသော ချစ်ယုဝေသည်

“ အို့ .....   ကျွတ်စ် ... ကျွတ်စ် ....  ။ မောင်ရယ်  ... ကောင်းလိုက်တာနော် ။ ကောင်းလိုက်တာ ။
အရှိန်တက်လာပြီမောင် ...  ခပ်ပြင်းပြင်းလေးဆောင့်ပါ မောင်ရယ် ” ဟု ပြောရာ ကျွန်ုပ်က

“ ဆောင့်နေတာပါဘဲ ချစ် ၊ ဒီထက်ပိုဆောင့်ချင်ရင်တော့ ဂျပန်ကားတွေထဲကလို မော်တာတပ်မှဘဲ ရတော့မယ်”

“ အယ် ... ကိုရယ် .... စကားမများစမ်းပါနဲ့ ။ ဆောင့် ....
အိုး .....  ထိလိုက်တာနော် ။  ထိလိုက်တာ ။ အား .......... အား ...............  မောင်ရေ ..... မောင်ရဲ့ ...
ကြိတ်လိုက်စမ်း ငါ့မောင်ကြီးရဲ့  ”

ချစ်ဇနီး ရှုမညီးလေးသည်  ဖွာလန်ကျဲသောဆံပင်ဖြင့်  ခေါင်းကို ယမ်းကာယမ်းကာပြုလျက်၊ အိပ်ယာခင်းကို လက်သီးဖြင့် တဘုန်းဘုန်းထုရိုက်ပြီးလျှင် ဤသို့ ကျယ်လောင်စွာ အော်ဟစ်လေတော့သည် ။ သူမအသံ ကျယ်လောင်လွန်းလှသော်လည်း ကိစ္စမရှိချေ  ။ ကျွန်ုပ်တို့အိမ်တွင် ကျွန်ုပ်တို့ လင်မယား ၂ ယောက်မှလွဲ၍ မည်သူမှမရှိ ။

ကျွန်ုပ်၏ နှစ်လုံးပြူးကြီးသည် မာ၍ မာ၍ လာ၏ ။ သွေးခုန်နှုံး တစ်ဒုတ်ဒုတ်ဖြင့် တဆတ်ဆတ်တုန်လာ၏။ ချစ်ယုဝေ၏ အာပုံတွင်းမှ ဖြစ်ညှစ်စုပ်ယူနေသောကြောင့် ကျွန်ုပ်၏ နားထင်ကြောများ ဖျင်းဖျင်းထသည်အထိ အိစိမ့်နေလေတော့သည်။

“ အို့ ....  အိုး ...  ကောင်းတယ်မောင်၊ ကြိတ်ထား ။  ယောင်္ကျားဘသား ..... ။
ဆောင့်ထားနော် မောင်၊ မရပ်နဲ့ .... ဒီမှာ ချစ် အရမ်းဖီလ်းတွေတက်နေပြီ ။
အား ......  မောင်ရေ ....  မောင်ရဲ့ ... အမလေးဟဲ့  ချစ်လင်ကြီး၇ဲ့  .... ထွက်ကုန်ပြီ .... ချစ် အရည်တွေ ထွက်ကုန်ပြီတော့ ”

ချစ်ယုဝေ ကား ကလေးတစ်ယောက်လိုပင်  ထိုသို့ အော်ငိုလျက် အော်ဟစ်ဖီးတက်နေရာ ကျွန်ုပ်မှာ များစွာမှပင် အားသွန်ခွန်စိုက်  ကျုံး လှော်ရချေတော့သည်။ သူ ပြီး၍ ကိုယ်မပြီးလျှင်မဖြစ်၊ အလုပ်လည်း သွားရဦးမည်မို့ မျက်လုံးစုံမှိတ် အားစိုက်၍ တွယ်လိုက်ရာ အချက်  ၂၀၀ မြောက်မှာပင် ပြီးဆုံးခြင်းသို့ ရောက်လေတော့၏။

ချစ်ယုဝေ ၏ အာပုံလေးမှာ ဖျစ်အား၊ ညှစ်အား အလွန်ကောင်းလှ၏။ ရှေးပညာရှိတို့က ထိုအဖုတ်မျိုးကို မျှော့ ဟု ခေါ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်မှာ အင်မတန် မှန်ကန်သည်။ အခုပင်ကြည့်လော့ ။ ချစ်ယုဝေလေး၏ အာပုံမှ ဖျစ်ညှစ်သည့် ဒဏ်ကို မချိမဆန့်ခံစားရင်း ကျွန်ုပ်၏ လက်ဆွဲတော် နှစ်လုံးပြုးကြီးမှာ တမံကျိုးသကဲ့သို့ အချစ်ရည်များလျှံဖိတ်ထွက်ကုန်ရာ အီစိမ့်ကောင်းမွန်လွန်းလှသည့်  လင်းဆွဲ အရသာမဟာကြီးကို ခံစားလိုက်ရလေတော့သည်။

“ အား .....  ချစ်ယုဝေ ... အချစ်လေးရယ် ။ လင်းဆွဲ ဆိုမှ  လင်းဆွဲဘဲဟေ့ ။ ကောင်းလိုက်တာကွာ ....
ဒီလို  အာပုံကောင်းကောင်း ပိုင်ဆိုင်ထားရတော့ လောကကြီးကို ကျေးဇူးတင်သဟေ့”
ဟု မဆီမဆိုင် လောကကြီးကိုပင် အားရဝမ်းသာ ကျေးဇူးစကား ဆိုမိလေတော့သတည်း ။

ကျွန်ုပ် နှင့် ကိုယင်ကောင်

သို့ဖြင့် ကျွန်ုပ် အိုင်ပီချက်ကြီးသည် လင်းဆွဲ၏ အရသာကို မြိန်မြိန်ရှက်ရှက်ကြီး ခံစားပြီးသကာလ ကားဂိုထောင်ထဲရှိ ဘေဘီအော်စတင်ကားနက်လေးကို ထုတ်မောင်းကာ ကျွန်ုပ်၏ မိတ်ဆွေကြီး ဆားပုလင်းယင်ကောင် နေထိုင်သည့် အမှတ် (၂၉၅) ဘိုးလိန်းလမ်းသို့ မောင်းထွက်ခဲ့လေသည်။ မနက်ခင်းစောစောစီးစီးဖြစ်သည့်အတွက်ကြောင့် လမ်းမတစ်လျှောက် ယာဉ်သွားယာဉ်လာများ ရှင်းလင်းလျှက်ရှိချေသေး၏။ ကျွန်ုပ်လည်း မော်တော်ကားကို ဖြည်းငြင်းစွာမောင်းလာရင်း မိတ်ဆွေကြီး ဆားပုလင်းယင်ကောင်၏ ဖြစ်ကြောင်းရယ်တဲ့ကုန်စင်အား စဉ်းစားမိလေတော့သည်။

police ကို ပုလိပ် ၊ Register ကို ရေစစ္စလီ ၊ Sergeant အား ဆာသင် ၊ China အား တရုပ် ၊ Frence အား ပြင်သစ်  ... စသဖြင့် အနောက်တိုင်းမျက်နှာဖြူလူမျိုးများ အံ့သြဘနန်းဖြစ်ရမည့် ဗမာစကားလုံးဖလှယ်မှုများ ခေတ်စားရာ ဤ အင်္ဂလိပ်ကိုလိုနီခေတ်တွင် လူဆိုးထိန်း ကိုယင်ကောင် မှာ  ဆားပုလင်းယင်ကောင် ဟု အမည်တွင်သည်မှာ မထူးဆန်းလှပါ ။ထူးဆန်းသည်ကတော့  အနှီ ဆားပုလင်းယင်ကောင် ၌ ချစ်ခင်တွယ်တာစရာ အိမ်သူသက်ထားမရှိသေးခြင်းပေတည်း။

ကိုယင်ကောင်သည် အရပ်အမောင်းမြင့်မားပြီး အလွန်တရာမှ ယောင်္ကျားပီသသောကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်လေသည်။ သူ၏ မျက်နှာပေါက်မှာ အနောက်တိုင်းမှ မင်းသားချောများဖြစ်ကြသည့် တွမ်ခယု၊ ဘရက်ပွတ် ၊ အန်တိုနီယိုဘန်းထရပ်စ် တို့ ၃ ဦးသား စန္ဒာဘူးပျော့ နှင့် ဖာခန်း၌ ပျော်ပါးကြပြီး လင်ကောင်မပေါ်ဘဲမွေးထားသည်ဟုပင် ထင်မှတ်မှားရပေ၏။

ကိုယင်ကောင် ၏ အသံမှာလည်း သံလိုက်ဓါတ်ကဲ့သို့ ဆွဲဆောင်အားကောင်းလှပေရာ ကြားရသူအဖို့ ဂရုဏာတစ်စိမ့်စိမ့်ပင်ဖြစ်ရလောက်ပေသည်။ အပစ်အခတ် အသတ်အပုတ်၌လည်း ဝါသနာထုံလေရာ စောငမန်း နှင့် ရန်ကြီးအောင်တို့ကပင် ရူပီး ၂ သိန်းခွဲပေးကာ လာရောက်ကမ်းလှမ်းရလေသည်။ အဆိုအတီးမှု ၌လည်း အင်မတန်ဝါသနာထုံလှ၏ ။ ဤမျှ အရည်အချင်းကောင်းများနှင့် ပြည့်စုံနေပါလျက် အဘယ့်ကြောင့် ဆားပုလင်း ယင်ကောင်သည် လူပျိုကြီးဖြစ်နေပါသနည်း ဟု ကျွန်ုပ်ပင် အတွေးကြပ်မိချေတော့၏ ။

သို့နှင့် ကျွန်ုပ်မောင်းနှင်လာသော ဘေဘီအော်စတင်ကားနက်လေးသည် ဆားပုလင်းယင်ကောင် နေထိုင်ရာ အမှတ် (၂၉၅) ဘိုးလိန်းလမ်းသို့ ရောက်ရှိချေတော့သည် ။ ကျွန်ုပ်သည် ကားပေါ်မှ အသာအယာဆင်းကာ ကိုယင်ကောင်၏ တိုက်ခန်းရှေ့သို့ ခြေသံမမြည်အောင်လျှောက်သွားပြီးနောက် အိမ်ခန်းတံခါးကို ဖြည်းညှင်းစွာ ခေါက်လိုက်မည်ပြုရာ အခန်းတွင်းမှ ထွက်ပေါ်နေသော ဆွေးမြည့်ဖွယ်ကောင်းလှသည့် ဟွန်းတယောသံလေးကို ကြားရသဖြင့် ရပ်တန့်လျှက်နားထောင်မိပါတော့သည်။

ထိုအခိုက် ရုတ်တရက် တယောသံရပ်သွားပြီး

“ ဝင်ခဲ့ဗျိုး ။  အိုင်ပီကိုချက်ကြီးမှတ်တယ် ။ တံခါးစေ့ထားသဗျ ၊ လာခဲ့လဗျာ ”
ဟု ကိုယင်ကောင်၏ အသံကို ကြားလိုက်ရာ ကျွန်ုပ်လည်း အချိန်မဆိုင်းဘဲ အတွင်းသို့ ဝင်ခဲ့လေ၏။  ရှင်းလင်းသပ်ရပ်သော အိမ်ဧည့်ခန်းအတွင်း၌ ကိုယင်ကောင် သည် တယောပြားလေးကို ဆွေးမြည့်စွာ တီးနေသည်ကို တွေရရလေ၏။

“ ဆက်တီးပါ ကိုယင်ကောင် ၊ ဆက်တီးပါဦး။ အင်မတန် နားထောင်လို့ကောင်းလှသဗျာ ” ဟု ဆိုလိုက်ရာ ကိုယင်ကောင်က
“ တော်ပါပြီ အိုင်ပီ ၊ ကျုပ်လည်း မနက်စောစောမို့ ပျင်းပျင်းရှိတိုင်း တီးနေတာပါ ” ဟု ဆိုလေသည်။

ကျွန်ုပ်က တစ်စုံတစ်ခုမေးမည်ဟု ပါးစပ်ဟလိုက်ရာ ကိုယင်ကောင်က
“ အိမ်တံခါးမခေါက်ဘဲ  အိုင်ပီရောက်နေမှန်း ဘယ်လိုသိသလဲ လို့ ကျုပ်ကို မေးမလို့ မဟုတ်လား ၊ မမေးနဲ့တော့ အိုင်ပီ။
ခင်ဗျားကား ဒီလမ်းထဲကို ဝင်လာတာ ကျုပ် ပြတင်းပေါက်က လှမ်းမြင်လိုက်တယ် ။ အဲ့တာနဲ့ ချက်ချင်းဘဲ တယောကောက်ကိုင်ပြီး ထိုးနေတာဗျ ၊ ခဏနေတော့ ကျုပ်အခန်းတံခါးဝ မှာ အရိပ်မြင်လိုက်တော့ ခင်ဗျားမှန်း သိတော့တာပေါ့ဗျာ ။ ”

ထိုအခါ  ကျွန်ုပ်၏ မိတ်ဆွေကြီး ဆားပုလင်းယင်ကောင်၏ ထူးချွန်လှသော အကဲခတ်ပညာအား မချီးကျူးဘဲ မနေနိုင်တော့ချေတကား။ သို့နှင့် ကျွန်ုပ်က
“ ကောင်းလိုက်လေ ကိုယင်ကောင်ရယ် ။ အဲ့တာကြောင့်မို့လည်း  ဆားပုလင်းယင်ကောင်၊ ဆားပုလင်းယင်ကောင် ဆိုပြီးတော့ နိုင်ငံကျော်ပေတာဘဲ ။ လေးစားလှသဗျာ  ။ လေးစားလွန်းလို့ ဒီနေ့မနက်စာ ကာကာဆိုင်မှာ ဧည့်ဝတ်ပြုပါရစေ ” ဟု ဖိတ်ခေါ်လိုက်ရာ  မိတ်ဆွေကြီး မှ

“ ကောင်းလိုက်လေ အိုင်ပီ ။ ကျုပ်မလည်း ဒီရက်ပိုင်း အကြွေးတွေများနေတာနဲ့ ညဘက်ညဘက် ကဇော်ဆိုင်မှာ အကြွေးသောက်နေရသဗျိုး ။  ခဏစောင့် အိုင်ပီ ။ ကျုပ် ရေမိုးချိုးလိုက်ဦးမယ် ” ဟု ပြောကာ အိမ်နောက်ဖေးသို့ ဝင်သွားလေသတည်း ။

ကျွန်ုပ် နှင့် အနုပညာဆန်သောအပြာစာအုပ်

ကျွန်ုပ်သည်လည်း ပျင်းပျင်းရှိလှသည်ကြောင့် ကိုယင်ကောင်၏ စာအုပ်စင်ပေါ်မှ စာအုပ်များကို မွှေနှောက်လှန်လှောကြည့်လေရာ စာအုပ်အားလုံးမှာ မန္တလာမောင်မောင်တုပ် ၊ ကမ္ဘာကျော်ရတနာဝင်းထိန် ၊ နေနိုင်သူ (ပန်းချီ)၊ချမ်းကို၊ ဂျင်ဂလိ၊ ဟော့ရော့၊ မောင်ဇော်ဦး အစရှိသည့် ဘတ်စဆဲလားစာရင်းဝင် စာရေးဆြာအကျော်အမော်တို့၏ နာမည်ကြီးစာအုပ်များပင်ဖြစ်ကြောင်း တွေ့ရလေသည်။

သို့နှင့် ကျွန်ုပ်သည်လည်း လတ်တလော စာပေလောကတွင် ရေပန်းစားလူကြိုက်များနေသည့် ဆြာလေးနေနိုင်သူ(ပန်းချီ) ၏ လူနာကုတင် - ၃၁ ဆိုသည့် အချစ်ဝတ္ထုကြီးကို လက်မှမချနိုင်လောက်အောင်ပင် နှစ်ခြိုက်သဘောတွေ့စွာ ဖတ်ရှုနေလေတော့သည်။

ထိုခဏမှာပင် ရေမိုးချိုး ၊ အဝတ်အစားလဲပြီးသွားသော  ကိုယင်ကောင် သည် မိပ်ကပ်အဖွေးသားဖြင့် ကျွန်ုပ်၏ အနီးသို့ရောက်ရှိလာလေ၏ ။ ထို့နောက် ကျွန်ုပ်အား
“ ဖတ်လို့ သိပ်ကောင်းတယ်မှတ်တယ် အိုင်ပီ ။ အဲ့ဒီစာအုပ်က အရမ်းနာမည်ကြီးသွားတယ်ဗျိုး။ စာရေးဆြာလေး လည်း အဲ့တစ်အုပ်တည်းနဲ့ နာမည်ကြီးပြီး တိုက်ဆောက်ကားစီးသွားတယ်လို့  သတင်းရသဗျာ ”
ဟု ပြောရာ ကျွန်ုပ်ကလည်း အလိုက်သင့်

“ ကောင်းရပေမပေါ့ ကိုယင်ကောင်ရယ်။ ဒီလောက် အနုပညာဆန်တဲ့ စာအုပ်လားဗျာ ။ ချစ်ခန်း ကြိုက်ခန်း ရေးဖွဲ့ပုံများ လက်ဖျားခါရပါပေတယ် ။ အမျိုးသမီး အင်္ဂါကို တင်စားလိုက်ပုံလေးလည်း အင်တာနက်လောကမှာ ရာဇဝင်တွင်သွားသတဲ့ဗျာ ။ ဘာတဲ့ ... ရွှေခရု ဆိုလား ... ” ဟု ထောက်ခံလိုက်လေသည်။  ကိုယင်ကောင် က

“ ဟုတ်ပါရဲ့  အိုင်ပီ။ အပြာစာအုပ်ဆိုတာ ဗွတ် ၊ ဗြွတ် ၊ ပလွတ် ၊ ကျွတ် ဆိုတာလောက်နဲ့တော့ ပဲမနူးတော့ဘူးဗျ ။ အခုလို အိုင်တီခေတ်ကြီးထဲမယ်  အပြာစာအုပ်တွေ ဟောတစ်အုပ် ဟောတစ်အုပ် ထွက်နေပုံများ ရန်ကုန်မှာ အဆိုတော်တွေ မှိုလိုပေါက်နေသလားမှတ်ရတယ် ။ ” ဟု ဆိုလေ၏ ။ ကျွန်ုပ်ကလည်း အားကျမခံ

“ ထောက်ခံပါတယ် ကိုယင်ကောင်၊ ထောက်ခံပါတယ်။ ထောက်ခံချင်လွန်းလို့ မနက် ၄ နာရီကတည်းက လင်းဆွဲလေး ဆွဲပြီး ခင်ဗျားအိမ်ကို ရောက်လာတာပေါ့ဗျ ။ တကယ်တော့  အပြာစာအုပ်ပေမယ့် ရုန့်ရင်းကြမ်းတမ်းလွန်းတော့ မကောင်းလှပေဘူးဗျ ။ ဖတ်ရှုသူတွေကို ရာဂ အားပေးတယ်ဆိုပေမင့် စိတ်လွတ်ကိုယ်လွတ် အကြမ်းပတမ်းကြီး လူမိုက်အားပေးလုပ်တာကိုတော့  ရှုံ့ချသဗျာ ။ ” ဟု ဆိုလိုက်ရာ ကိုယင်ကောင် က

“ ဒါပေါ့ အိုင်ပီ ။ ကဲ ... ဒါဆို   အနုပညာဆန်သော အပြာစာအုပ်များကို အားပေးထောက်ခံတဲ့ အနေနဲ့ ကျုပ်ကို  မအူကုန်းထိပ်က ကာကာဆိုင် မှာ  ဆိတ်ခြေထောက်စွပ်ပြုတ် နဲ့ နံပြား လိုက်ကျွေးပေတော့ ။ အခုနင်က ရေချိုးခန်းဝင်ရင်း ဂွေ တစ်ကြောင်းလှိမ့်လိုက်တာ  ဒူးချောင်ချင်သလို ဖြစ်နေတယ် အိုင်ပီရဲ့ ” ဟု ဆိုလိုက်လေတော့သည်။

သို့ဖြင့်  ကျွန်ုပ် အိုင်ပီချက်ကြီး နှင့် ဆားပုလင်းယင်ကောင် တို့ နှစ်ယောက်သား မအူကုန်းလမ်းထိပ်ရှိ ကာကာဆိုင်သို့ ယွန်းခဲ့ကြလေ၏။


  “ ကျုပ် ... ဆားပုလင်း ယင်ကောင်ဘဲ ၊ လက်သည်မပေါ်တဲ့ လူသတ်မှုပေါင်း ၂၈ မှုအတွက် ခင်ဗျားနောက်ကိုလိုက်နေတာ ။ စီအိုင်ဒီက ဆားပုလင်း ယင်ကောင်ဆိုတာ ကျုပ်ဘဲ ” -- ဟု မာထန်ထန်ပြောလိုက်လေရာ  မင်းသမီးမြစိမ်းနွယ်မှာ မည်သို့မှ ခွန်းတုန့်မပြန်နိုင်တော့ဘဲ မူးမေ့လဲကျသွားလေသတည်း ။

စာရေးသူ၏ စကားချပ်

ကမ္ဘာကျော် ဝတ္ထုတိုဘုရင် အန်တွန်ချက်ကောဖ့်က ဤသို့ မိန့်ဖူးလေ၏။
“ ဇာတ်လမ်း ရဲ့ အစ ... ၊ တိုင်မှာ ခြောက်လုံးပူး ချိတ်ထားတယ်လို့ ထည့်ရေးခဲ့ရင် ၊ ဇာတ်လမ်းရဲ့ တစ်နေရာရာ မှာ အနှီ ခြောက်လုံးပူး ကို မဖြစ်မနေ ဖောက်ပေးရလိမ့်မယ်။ ဒါမှ သဘာဝကျတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပေလိမ့်မည် ” ဟူသတတ်။

ထို့ကြောင့်  ကျွန်ုပ် ပီကာဆို(ကွမ်းခြံကုန်း) သည်  ခြောက်လုံးပူးတင်မက ၊ အမ် ၁၆ ၊ အေကေ ၄၇ ၊ အနီးပစ်အဝေးပစ် အမြောက်များ၊ ပခုံးထမ်းလောင်ချာ ပါ မကျန် ၂၈ လုံးတိတိ  နံရံမှာ ချိတ်ထားခဲ့လေ၏ ။ အနှီ ၂၈ လုံးသော လက်နက်ကြီး၊ လက်နက်ငယ်များကို  ဆြာချက်ကော့ဖ့်ထုံး နှလုံးမူပြီးသကာ  မည်သို့ မည်ပုံ ပစ်ဖောက်မည်ကို
ရွှေပွဲလာ ပိတ်တတ်ကြီးမှ စောင့်မျှော် အားပေးကြပါကုန် ။ 

ကျွန်ုပ် နှင့် အပေအတေလေး မိုးဆား

ဤသို့ဖြင့် ကျွန်ုပ်တို့ ၂ ဦးသား ဘေဘီအော်စတင်ကားနက်ကလေးဖြင့် လမ်းသလားခဲ့ရာ နောက်ဆုံး၌ အိန္ဒိယမှ ရွှေ့ပြောင်းလုပ်သားများအခြေစိုက်ရာ မအူကုန်းဟူသည့် ရပ်ကွက်ထိပ်သို့ ရောက်ရှိလာခဲ့လေတော့သည် ။ နနွင်းနံ့ ၊ မဆလာရနံ့များ သင်းပျံ့နေသည့် မအူကုန်းရပ်ကွက်တစ်ဝိုက်သည် မနက်စောစောပေမင့် စည်ကားစပြုနေပြီဖြစ်ကြောင်း တွေ့ရလေသည်။

ကျွန်ုပ်တို့ ၂ ဦးသည် ကာကာဆိုင်ထဲရှိ ခုံလွတ်တစ်လုံးတွင် ဝင်ထိုင်လိုက်ကြပြီးနောက် ...
“ ဟေ့ ... ကာကာ ။ ဒိုး ကြာရီ ၊ ဒိုး ပါရာ ပေးစမ်း ” ဟု  မှာလိုက်လျှင် ကာကာကုလားလည်း လျှင်မြန်သွက်လက်စွာဖြင့်
“အခြားဆပ် ၊ ဒိုး မိနစ် စဘယ်ခရိုး ” ဟု နှစ်မိနစ်စောင့်လျှင် ရပါမည့်အကြောင်း ပြောရှာလေသည်။

ကျွန်ုပ်တို့ ပုလိပ်အဖွဲ့သည် ဤသို့ပင် ပါဝါရှိလှပေ၏။ စီအိုင်ဒီ ဟုဆိုလျှင် လူအပေါင်းက ဖိန့်ဖိန့်တုန်လုဘနန်း ရွံ့ကြောက်ကြလေရာ ကျွန်ုပ်တို့ မှာ များစွာ နှစ်ထောင်းအားရရှိလှပေသည် ။ မကြာမီပင် ကျွန်ုပ်တို့ မှာယူထားသော ဆိတ်ခြေထောက်စွပ်ပြုတ် ၂ ခွက် နှင့် နံပြားများကို လာချပေးလေရာ  ရေချိုးခန်းဝင်စဉ် ဂွေလှိမ့်ခဲ့မိသဖြင့် ဒေါင်ချူးနေသော ကိုယင်ကောင် သာမက ချစ်ဇနီးနှင့် လင်းဆွဲ ဆွဲခဲ့သော ကျွန်ုပ် အိုင်ပီချက်ကြီး ပါ ခေါင်းမဖော်တမ်း တုတ်ကြလေ၏။

ယောအတွင်းဝန်ဦးဘိုးလှိုင် ရေးသားစီရင်သည့် ဥတုဘောဇနကျမ်းတော်မဟာကြီးတွင် ပါရှိသည်မှာ

ဆိတ်ခြေထောက် 

စွပ်ပြုတ်လုပ်သောက်က လွန်စွာ အရသာရှိ၏။
သည်းခြေကိုနိုင်၏ ။ ဝမ်းကိုပြည့်စေ၏။
ခြင်ဆီ စုပ်က သုတ်အားကောင်းစေ၏။

အဖုတ်ကို ယားစေ၏။
သုတ်ကို ပွားစေ၏။
ဒုတ်ကို ထွားစေ၏။
အဆုံး၌ အချုပ်သို့ လားစေ၏ ။

သို့ဖြစ်ရာ ကျွန်ုပ်တို့ ၂ ဦးအဖို့မှာမူ အဖုတ်ကိုယားစေ၍ ၊ ဒုတ်ကိုထွားစေလျှင် တော်လောက်ပြီဟု သဘောပိုက်ပြီးသကာလ တစ်ဦးကို ခြင်ဆီ ၅ ချောင်းနှုံး အားရပါးရစုပ်ပြီးသည်တွင်  ကာကာကုလား၏ လက်ဖက်ရည်ကျစိမ့်လေးကို အရသာခံ သောက်နေပေတော့၏။
ထိုစဉ် အသက် ၁၅ နှစ်ခန့်  ခပ်ပေပေ ခပ်စုတ်စုတ် ကုလားလေးတစ်ကောင် ဆိုင်အတွင်းသို့ မယောင်မလည် ဝင်လာပြီးလျှင် ကျွန်ုပ်နှင့်ကိုယင်ကောင် အား စောင်းငမ်း စောင်းငမ်းကြည့်လေရာ ကိုယင်ကောင် က မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်ကို ကျွန်ုပ်မြင်လိုက်ရပေသည်။

ကျွန်ုပ်အထင် မှန်ချေပြီကော ။ အဘယ့်ကြောင့်ဆိုသော် ကိုယင်ကောင် သည် လူပျိုကြီးဖြစ်ပါလျက် မိတ်ကပ်အဖွေးသားဖြင့် ကနွဲ့ကယျ လုပ်နေသည်မှာ ကြာလေပြီ။ ဤကုလားလေး သည် ကိုယင်ကောင် ၏ သူငယ် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ကျွန်ုပ်၏ စုံထောက်အတတ်ပညာဖြင့် ခန့်မှန်းမိလေသည် ။ ကုလားလေးသည် ကိုယင်ကောင် အနီးသို့ ကပ်လာပြီး စာခေါက်လေးတစ်ခုအား ပစ်ချပေးသွားပြီးနောက် ချက်ချင်း ပြန်ထွက်သွားလေသည် ။

ဤတွင် ဆားပုလင်း ကိုယင်ကောင်လည်း စာခေါက်လေးကို ခပ်တည်တည်နှင့် ဖွင့်ဖတ်ရာ အောက်ပါအတိုင်း ရေးထားသည်ကို တွေ့ရလေသည်။

မလုပ်သနီဟင်းချိုသောက်ချင်လျှင် ဒီကိုလာ
ဖာလိုချင်လျှင် ဘားလမ်းကိုသွား။

ဆားပုလင်းမူကာဂျီ

ကျွန်ုပ်လည်း ဖတ်သာ ဖတ်ရသော်လည်း မည်သို့မှ အဓိပ္ပာယ်မဖွင့်တတ်လေရာ ကိုယင်ကောင့်ကိုပင် ဗြောင် မေးရလေတော့၏။

“ အိုင်ဆေး ... ကိုယင်ကောင် ။  ဘာ အဓိပ္ပါယ်ကြီးတုန်းဗျာ။ ဖာခန်း ကြော်ငြာလိုလို ၊ ချစ်တီးထမင်းဆိုင်ကြော်ငြာလိုလိုနဲ့ ။ မူကာဂျီ ဆိုတာ ခင်ဗျား သူငယ်ချင်း ဆားပုလင်း မဟုတ်လား ။ လင်းစမ်းပါဦးဗျ ” ဟု ဆိုလိုက်လျှင်  ဆားပုလင်းကိုယင်ကောင် မှာ သူ့၏ကိုယ်ပိုင်စတိုင်ဖြင့် တစ်ချက်ပြုံးလိုက်ပြီးနောက်

“ ဟုတ်တယ် အိုင်ပီ ။ ကာလကတ္တား က ကျနော့် မိတ်ဆွေ ဆားပုလင်း မူကာဂျီ သတင်းလှမ်းပို့လိုက်တာဘဲဗျ ။ ကျနော် သူ့ကို အကူအညီတစ်ခု တောင်းထားတာ အခု အဖြေသိရတော့မယ် အိုင်ပီ  ။ ”

“ ဟုတ်ပါပြီ ကိုယင်ကောင်ရယ် ။ နို့နေပါဦးဗျ ။ အခု စာလာပေးတဲ့ သူငယ်လေးက ဘယ်သူတုန်း ”
“ အဲ့ဒီ ကုလားလေး နာမည်က မိုးဆား တဲ့ဗျ ။ ပြီးခဲ့တဲ့ ကြာနီကန်ရွာ ပြန်ပေးမှုမှာအဓိကလက်သည်ဖြစ်တဲ့ လူဆိုးဗိုလ်မိုးသီး ရဲ့ ညီအရင်းခေါက်ခေါက်ပေါ့ ။ သူ့အကို ကို ကြိုးစင်က ကယ်ခဲ့တဲ့အတွက် ကျနော့်ကို ပြန်ပြီး ကျေးဇူးဆပ်နေတာ ။ တယ်လည်း သွက်တဲ့ ၊ လျှင်တဲ့ ချာတိတ်ဗျာ။ လည်လည်ဝယ်ဝယ် ချက်ချက်ချာချာလည်း ရှိပါ့ ။ ဖရေဇာတစ်ဝိုက်မှာ ဖိနပ်တိုက်ရင်း ၊ မိလ္လာကြုံးရင်း သတင်းစုဆောင်းပေးနေတဲ့  ကျနော့် ရဲ့ အမာခံ စုံထောက်လေးဘဲ အိုင်ပီ ။ စီအိုင်ဒီ က ပုလိပ် ၁၀ ယောက်နဲ့ မလဲနိုင်ပေါင်ဗျာ။ ”
ဟု ရှည်လျားစွာ ရှင်းပြလေတော့၏။

ထို့နောက် ကျွန်ုပ်တို့ ၂ ဦးသား လက်ဖက်ရည်ဖိုးရှင်းခဲ့ပြီးနောက် အမဲဈေးမှတ်တိုင်သို့ လာခဲ့လေသည်။ ကျွန်ုပ်၏ ကားကိုမူ   ကာကာဆိုင်ရှေ့၌ ထိုးရပ်ထားခဲ့၏။ အဘယ့်ကြောင့်ဟူမူ စုံထောက်ကောင်းတို့မည်သည် ပြည်သူကြားမှာ သတင်းရှာ ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားရပေသောကြောင့် ဘတ်စကားတိုးစီးပြီး သတင်းထောက်လှမ်းရန်ပင်ဖြစ်လေ၏။

မကြာမီပင် ဖွတ်တံဆိပ် ဘတ်စကား ဆိုက်ရောက်လာလေရာ လူအနည်းငယ်ကြပ်သော်လည်း ကျွန်ုပ်တို့ ၂ ဦးမှာ တိုးခွေ့လျက်လိုက်ပါရလေ၏။ ဘတ်စကားစပါယ်ယာလေးမှာ များစွာယဉ်ကျေးလှပါဘိ ။ ရှုလော့။
“ ဟေ့ .. ဟိုလူတွေ  ကားခလေး လွယ်ရင်လှမ်းဗျာ ။ ကားခမပေးဘဲ စီးရအောင် ဒါ ခင်ဗျားတို့ ပထွေးပိုင်တဲ့ကားမဟုတ်ဘူး။
ဟဲ့ .. ဟို ခြင်းထောင်းကြီးပိုက်ထားတဲ့ ဖာသည်မလေး။ နင့်ခြင်းတောင်းကြီး ဖင်ကြားညှပ်ထားစမ်း ။ ကားကြပ်ပါတယ်ဆိုမှ နင့်အမေရိုးတဲ့မှဘဲ ။ ”

ဤသို့  လိမ္မာယဉ်ကျေးလှသော စပယ်ယာ ငတိ၏ ချစ်ဖွယ်သောစကားများကို နားကြားပြင်းကပ်ဟန်တူသည့် ကိုယင်ကောင် သည် အနှီစပါယ်ယာ အနားသို့ တိုးကပ်သွားပြီးလျှင်  ဘာမပြော ၊ ညာမပြော နှင့် ပါး ၃ ချက်ဆင့် ရိုက်ချလိုက်လေသည်။

“ ဖျန်း .... ဖျန်း .... ဖျန်း ”
ဘတ်စ်ကား စပါယ်ယာမှာ လွန်စွာမှ ဒေါသချောင်းချောင်းထွက်ကာ
“ ဟေ့ .. မအေရိုး ။ မင်းနှမလင် မို့လို့ ငါ့ကို ပါးရိုက်ရတာလား ။ ငါရိုးမသား” ဟု ယဉ်ယဉ်ကျေးကျေးပင် ပြန်ပြောလေသည်။
ထိုအခါ ကိုယင်ကောင်က
“ အေးကွာ ။ ညီလေး ...  မင်း အရမ်း ယဉ်ကျေးလို့ ကိုယ်က ဆုချတာ ။ မင်္ဂလာရှိစွာ ခံယူစမ်းပါကွာ ။ ရော့ .. ပါးတစ်ချက်ကို ၂ ရူပီး နှုံး၊ ၃ ချက်စာ ၆ ရူပီး”

“ ဟမ် ... ဂလိုလားဗျ ။  အဲ့တာဆိုရင်တော့  ချသာချဗျာ ။ ပိုက်ဆံပေးလို့ကတော့ ပါးတင်မကဘူး  ဖင်ပါချသွားလည်း စိတ်မဆိုးဘူး။ အဟုတ် ”  ဟု ပြန်ပြောလေတော့သတည်း ။

ကျွန်ုပ် နှင့် တန်ပြန်ထောက်လှမ်းရေး

ဤသို့ဖြင့် ကျွန်ုပ်တို့ နှစ်ဦးကို တင်ဆောင်လာသော ဖွတ်တံဆိပ် ဘတ်စကားအိုကြီးသည် တအိအိနှင့် ခရီးနှင်လာခဲ့လေရာ မကြာမီအချိန်တွင်းမှာပင် ဖရေဇာလမ်း (ယခု- အနော်ရထာလမ်း) ပေါ်သို့ ရောက်ရှိလာလေတော့သည် ။ ထိုအခိုက်တွင် ကျွန်ုပ်၏မျက်စိထဲတွင် မသင်္ကာဖွယ် လူတစ်ယောက်ကို တွေ့ရလေသည် ။

လူပုံစံညှင်းသိုးသိုး၊ ဗိုက်ပူဖင်ကောက်သည့်အပြင် ဝက်သိုးတစ်ကောင်၏မျက်နှာပေါက်နှင့် လွန်စွာတူသည့် လူတစ်ဦးသည် ဟိုဟိုသည်သည် ကြည့်ပြီးသကာလ ကားလယ်ပိုင်းရှိ အမျိုးသမီးတစ်ဦးအနီးသို့ တိုးကပ်သွားလေသည်။ ထို့နောက် ထိုအမျိုးသမီး၏ နောက်၌ ကပ်ရပ်လိုက်ပြီးနောက် ကြီးမားစွင့်ကားသော အမျိုးသမီး၏ တင်ပါးကြီးအား ထောက်လိုက်လေတော့သည်။

ဘတ်စကားမှာ လွန်စွာကြပ်တည်းလှသည်မို့ အမျိုးသမီး၏ အရှေ့ပိုင်းကို ကျွန်ုပ်တို့ မမြင်ရသော်ငြား နိုင်ငံတကာစံချိန်မီ အိုးကြီးအိုးကောင်းဖြစ်ကြောင်းကိုမူ သိသာလှပေ၏။ အရပ်အမောင်းကောင်းလှသည့် ထိုအမျိုးသမီး၏ အိုးကြီးမှာ ဘိလပ်သားများအကြိုက်ပင်။  အနှီ မင်းကြိုက်စိုးကြိုက် ကာလသားများနှင့် လားလားမျှမထိုက်ဘိသည့် အိုးအကောင်းစားကြီးအား မိမိဥပဓိရုပ်ကိုမှ မထောက်မညှာ ဖွားဖက်တော်ဖြင့် ထောက်ဝံ့သည့် အနှီသကောင့်သားအား များစွာမှ ချဉ်မိလေတော့သည်။

အမျိုးသမီးလေးသည် ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့ကာ ငုံ့ကာ ရှောင်တိမ်းပါသော်လည်း လူကမွေးပြီး လူလိုမသိသည့် အနှီ ဝက်သတ်သမားမှာ တိုး၍တိုး၍ ထောက်လေတော့၏။ အမျိုးသမီးလေး၏ အိုးခြမ်းကွဲကြား သူ၏ဒုတ်ကို အလျားလိုက် အမြှောင်းလိုက်ကပ်ထားပြီးလျှင် ခါးကို နှဲ့ကာနှဲ့ကာဖြင့် ကော့ကော့ထိုးလေ၏။ အမျိုးသမီးလေး၏ မျက်နှာကိုမမြင်ရသော်လည်း အဘယ်မျှ ရှက်နေရှာမည်နည်းဟု ကျွန်ုပ်တို့မှာ နှမချင်းစာနာမိလေသည်။

ထိုကဲ့သို့ မတရားလုပ်ရပ်များကို များစွာ ရွံရှာသည့် ကျွန်ုပ်၏ မိတ်ဆွေကြီးကိုယင်ကောင်မှာ မနေသာတော့ဘဲ ထိုလူ့အနားသို့ ချဉ်းကပ်သွားလေရာ  ကျွန်ုပ်မှာ နောက်ထပ် လက်စွမ်းပြပွဲတစ်ပွဲ ထပ်ကြည့်ရချေတော့မည်ဟုပင် အူမြူးမိလေတော့သည်။ သို့သော် ကိုယင်ကောင် သည် ကျွန်ုပ်တွေးထင်ထားသကဲ့သို့ မလုပ်မူဘဲ အနှီ ဝက်သတ်သမား၏ အနောက်မှ ကပ်လျက် ရပ်လိုက်ပေသည်။ ထို့နောက် ကိုယင်ကောင်သည် သူ၏ ဒုတ်အား အနှီသကောင့်သား ဝက်သတ်သမား၏ ဖင်ကြားထဲသို့ ထောက်ထားလိုက်လေတော့သည်။

ဝက်သတ်သမားမျက်ခွက်နှင့် တဏှာရူးကောင်မှာ ဆတ်ခနဲ ထိတ်လန့်သွားပြီး အနောက်သို့လှည့်ကြည့်သောအခါ ကိုယင်ကောင်က သွားအဖြီးသားနှင့် ပြုံးပြလိုက်ပြီးလျှင်
“ နေကောင်းတယ်နော် ကိုယ့်လူ ။ ထောက်ရတာ လီးနာပါတယ် ”  ဟု မင်္ဂလာနှုတ်ခွန်းဆက်လေလျှင် ဝက်သတ်သမားလည်း မည်သို့ပြန်ပြောရမည်မသိဖြစ်နေပြီးလျှင်

“ နေတော့ကောင်းပါတယ် ဘရာသာ ။ ဒါပေမယ့် ဖင်တော့ မကောင်းလှဘူး။ ကျနော် စကော့ဈေးမှာ လုပ်မစားပါဘူးဗျ။ ဘရာသာ့ ပစ္စည်းလေး နည်းနည်းကြွပေးပါ ” ဟု ညှောင်နာနာဖြင့် ပြောလေလျှင် ကိုယင်ကောင် က

“ ခင်ဗျားတောင် သူတစ်ပါးအမျိုးကောင်းသမီးလေးကို အားမနာလျှာမကျိုး ထောက်ထားသေးတာဘဲ ။ တကယ်တော့  ကျုပ်ကမှ တကယ့် ထောက်လှမ်းရေးဗျ ။ စီအိုင်ဒီက ဆားပုလင်းယင်ကောင် ဆိုတာ ကျုပ်ဘဲ ။ ဒီနေ့ ခင်ဗျားကို ထောက်လှမ်းဖို့ တာဝန်ယူလိုက်ပြီ။ မလှုပ်နဲ့၊ လှုပ်တာနဲ့ ခလုပ်ဖြုတ်လိုက်မယ် ” ဟု  အခြောက်တိုက် ကြိမ်းမောင်းလေတော့သည်။

ထိုအခါ  ဝက်သတ်သမားမျက်နှာနှင့်တူသော တဏှာရူးမှာ မည်သို့မျှပြန်မပြောဝံ့တော့ဘဲ  ကိုယင်ကောင် ထောက်သမျှ အံကြိတ်ခံနေရလေတော့သည် ။ ကိုယင်ကောင် ၏ ဒုတ်မှာ မည်မျှရှည်လျားသည်မသိ၊ အထောက်ခံရသည့် သကောင့်သားမျက်နှာမှာ ချွေးသီးချွေးပေါက်များ ယိုစီးကျနေလေတော့၏။

ရန်ကုန်မြို့ရှိ အချို့သော ယောင်္ကျားများမှာ လွန်စွာမှ အကျင့်တန်လှ၏။ ဘတ်စကားများ မဟားဒရားကြပ်ခြင်းကို အခွင့်ကောင်းယူကာ ကျောင်းသူလေးများ၊ အလုပ်သိမ်းလာသော အမျိုးသမီးလေးများကို ဤသို့ မဖွယ်မရာပြုတတ်ကြလေသည်။ အမှန်တွင်တော့ အနှီ ထောက်လှမ်းရေး ဟူသည်မှာ ကိုယ်ကျင့်သိက္ခာပိုင်းအရ ပြင်းပြင်းထန်ထန် ရှုံ့ချသင့်သော လုပ်ရပ်တစ်ခုဖြစ်လေသည်။ ဘတ်စကားကြပ်လှသဖြင့် ဒုက္ခရောက်ရရှာသော အမျိုးသမီးလေးများမှာ  နှမချင်းမစာနာသူတစ်ချို့ကြောင့် ရှက်ရှက်နှင့် ကြိတ်ခံရပေါင်းများလေပြီ။

နိုင်ငံကြီးသားပီသမှု ဟူသည် အဘယ်နည်း ၊ ၃၈ ဖြာမင်္ဂလာတရားတော် သည် မည်သည့်မြောင်းတွင်း ကျသွားချေသနည်း။ ယဉ်ကျေးလှပါသည်ဆိုသော မြန်မာလူမျိုးတို့သည် ဘတ်စကားပေါ်မှ ထောက်လှမ်းရေးများ၏ လုပ်ရပ်အား မျက်စိမှောက်နေသည်ကို သိရသောအခါ ကျွန်ုပ်မှာ များစွာ စိတ်ဆင်းရဲမိပါတော့၏။

မိန်းကလေးများသည် ရှက်လွန်းသောကြောင့် မည်သို့မျှ အော်ဟစ်ပြောဆိုမည်မဟုတ်ဟူ၍ စိတ်ချလက်ချ လက်ကမျင်း၊ လီး ကမျင်းကြသော အနှီသကောင့်သားများအား  မည်သည့်ပုဒ်မများဖြင့် အရေးယူသင့်ကြောင်း ကျွနင်္ုပ်စဉ်းစားခဏ်းဝင်မိလေ၏။ ကာအိနြေ္ဒပျက်ပြားစေမှု၊ မုဒိန်းကြိုတင်ကြံစည်မှု ၊ သွေးဆောင်ဖျားယောင်းမှု စသဖြင့် စွဲချက်မျိုးစုံ တင်မိနေတော့သည်။

ဤသို့တွေးတောနေစဉ်အတွင်း ကျွန်ုပ်တို့ စီးနင်းလာသော ဖွတ်တံဆိပ်ဘတ်စကားအိုကြီးမှာ
ဘားလမ်း ( ယခု - မဟာဗန္ဓူလ ပန်းခြံလမ်း ) သို့ ရောက်သောအခါမှ ဝက်သတ်သမား၏ ထောက်လှမ်းခြင်းကို ခံထားရသော မိန်းကလေးသည် အလျှင်အမြန် ကားပေါ်မှ ဆင်းသွားလေတော့၏။ ထိုအခါမှ ကိုယင်ကောင် လည်း အနှီသကောင့်သားကို ထောက်လှမ်းခြင်းမှ ရပ်တော်မူလေသည် ။ သို့နှင့် ကျွန်ုပ် အိုင်ပီချက်ကြီးသည် တန်ပြန်ထောက်လှန်းရေးဟူသော ဝေါဟာရကို လုံးစေ့ပတ်စေ့ သဘောပေါက်သွားလေတော့သတည်း။

ကျွန်ုပ်တို့နှင့် ဆားပုလင်းမူကာဂျီ

ကျွန်ုပ်နှင့် ဆားပုလင်းယင်ကောင်တို့နှစ်ဦးသား စီးနင်းလာသော ဖွတ်တံဆိပ်ဘတ်စ်ကားအိုကြီးသည် ဘားလမ်း(ယခု မဟာဗန္ဓူလပန်းခြံလမ်း) မှတ်တိုင်မှ ဆက်လက်ထွက်ခွာလာခဲ့ရာ စစ်ကဲမောင်ထော်လေးလမ်း (ယခု ဗိုလ်ဆွန်ပက်လမ်း)သို့ရောက်လျှင်ကားပေါ်မှဆင်းလိုက်ကြပြီး
မောင်ထော်လေးလမ်းအလယ်ဘလောက်ရှိ ရွှေမျက်မှန်ချစ်တီးထမင်းဆိုင်သို့ လျှောက်ခဲ့ကြလေသတည်း။

ဆိုင်ထဲသို့ ဝင်လျှင်ဝင်ချင်း ထမင်းဆိုင်ပိုင်ရှင်လူဝကြီးမှ ပြာယိပြာယာခရီးဦးကြိုပြုပြီးသကာလ ဆိုင်ထောင့်စားပွဲတစ်ခုဆီသို့ ခေါ်ဆောင်သွားလေ၏။ ထိုစားပွဲတွင် ငါးကျည်းခြောက်ကြပ်တိုက်နှင့်လွန်စွာတူလှသော ကုလားကြီးတစ်ဦးထိုင်လေသည်ကိုတွေ့ရလေ၏။ ထိုအခိုက် ကိုယင်ကောင်က

“ နမတ်စတေး ဘာဘူ ” ဟု ဆိုလိုက်ရာ အနှီငါးကျည်းကြပ်တိုက်ရုပ်နှင့်ကုလားကြီးက
“ နမတ်စတေး ချွတ်ကရား။ မလုပ်သနီသောက်မှာလား၊ ဖာချမှာလား”

 “ မလုပ်သနီ သောက်မှာပေါ့ဗျ၊ ဖာချချင်မှတော့ ဘားလမ်းမှာ ဆင်းနေခဲ့မှာပေါ့။ ဘားလမ်းထိပ်မယ် .. ဖာတွေ ပုံလို့ ”
 “ ဝတ္တရားအရ လျှို့ဝှက်မေးခွန်းမေးရတာပါကိုယင်ကောင်ရယ် ” ဟု ဆိုလေ၏။ ထိုအခါမှပင် အနှီကုလားကြီးမှာ ဆားပုလင်းမူကာဂျီပင်ဖြစ်ကြောင်း ကျွန်ုပ် သိရလေတော့၏။

“ကဲ .. လိုရင်းကိစ္စပြောပါ မူကာဂျီ။ ကျုပ်မှာ အချိန်သိပ်မရှိဘူးဗျ ။ ခင်ဗျာ့ကု စုံစမ်းခိုင်းထားတဲ့ ကိစ္စ ဘယ့်နှယ့်လဲ”
“ အဲ့တာ ပြောဘို့ရာဘဲ ခင်ဗျားကို ခေါ်လိုက်တာပေါ့ ကိုယင်ကောင်၊ အဲ့သည်ကိစ္စ ထူးပြီဗျ။ မနေ့ညက ကွမ်းခြံဘူတာ (ယခု ရန်ကုန်ဘူတာကြီး) လတ်မှတ်တန်းစီတုန်း ခင်ဗျားပြောထားတဲ့ ကောင်မလေးကိုတွေ့မိတယ်လို့ သတင်းရတယ်။ အဲ့ဒီသတင်းကို ပေးတဲ့သူကတော့ မီးရထားဂျပိုးလေးတစ်ကောင်ပါဘဲ။ ကျုပ် မှာထားတဲ့အတိုင်း မနေ့ညက ချက်ချင်းဘဲ လာသတင်းပို့လို့ အခု ခင်ဗျားကို ခေါ်ရတာဘဲ”

“သေချာလို့လား မူကာဂျီ ၊ အယင်တစ်ခေါက်တုန်းကလည်း ခင်ဗျားသတင်းပေးတဲ့အတိုင်း ဖာခန်းတစ်ခုကို ဝင်စီးတာ အဲ့သည်မိန်းမကို မတွေ့တဲ့အပြင် မနက်ကျတော့ ဖာတွေက စုံထောက်မင်းကြီး မစ္စတာ ကရစ်ပင် ကို လှမ်းကြပ်လို့ ကျုပ်မှာ မနည်းရှင်းလိုက်ရတယ်။ ”
“ သည်တစ်ခါတော့ သေချာပြီမောင်၊ မြေကြီးကို လက်နဲ့ပုပ်ယင် လွဲလိမ့်ဦးမယ်။ ခင်ဗျားပြောတဲ့အတိုင်း အစိမ်းရောင်ဝမ်းဆက်ဝတ်ပြီး ကျောက်စိမ်းပုတီးကြီးဆွဲထားတဲ့ ငယ်ငယ်လှလှ ကောင်မလေးဗျား ”

ထိုအခိုက်မှပင် ဆိုင်ရှင်ကုလားကြီးမှ ကျွန်ုပ်တို့အနီးသို့ရောက်လာပြီးလျှင် မလုပ်သနီဟင်းချိုခွက်များလာချပေးလေ၏။
ကိုယင်ကောင် ၊့ ကျွန်ုပ်နှင့် မူကာဂျီတို့သည် မလုပ်သနီဟင်းရည်ခွက်ကို ကိုယ်စီကိုင်ကာမော့သောက်လိုက်ကြသည်။
ထို့နောက် ကိုယင်ကောင် က -

“ဟုတ်ပြီလေ။ ဒါဆို အဲ့ ကောင်မ ဘယ်ဆက်သွားသေးတုန်း၊ ဘယ်ကိုသွားမယ့် လတ်မှတ်ခံသွားသတုန်းဗျ”
“လက်မှတ်ရောင်းပြောပုံအရဆို ရန်ကုန် - သာစည် အထိ လက်မှတ်ခံ ခဲ့တယ်လို့ဆိုသဗျ”

“နေရာကျလိုက်လေ မူကာဂျီရေ့ ။ ကျုပ်လည်း မိတ်ဆွေကြီးတစ်ဦးက ဖိတ်ထားလို့ မျိုးလုံးကျွတ်ရှင်ပြုနားသ ပွဲတစ်ခုကို သွားဖို့ရှိသဗျ။ အခုလို ဆိုယင်ဖြင့် အစိုးရစားရိတ် နဲ့ ခရီးထွက်ရချေသေး။ ”
“ကောင်းပြီလေ ကိုယင်ကောင်။ ဒါဖြင့်ယင် ကျုပ်လည်း ကုန်ဈေးတန်းလမ်းမှာ တိုရှည်သွားစားလိုက်ဦးမယ်။ ခင်ဗျား ဘာမှာစရာရှိသေးလဲ ”

“ဘာမှ မရှိပေါင်ဗျာ။ ကလကတ္တားကိုပြန်ယင်သာ ခင်ဗျာ့မိန်းမ ဒေါ်ဘူးသီးကို သတိရကြောင်း ပြောလိုက်ပါလေ၊ ဟိတ်လူ နောက်တစ်ခေါက် ရန်ကုန်လာယင် ဂေါ်ရင်ဂျီမဆာလာ ၂ ပိဿာလောက်ဆွဲခဲ့စမ်းပါဗျာ။ ”
“ကောင်းပါပြီ ကိုယင်ကောင်။ ဒါဖြင့် ကျုပ်ကို ခွင့်ပြုပါဦး”

ဆားပုလင်းမူကာဂျီသည် ထိုသို့ နှုတ်ဆက်ပြီးတော့ ဂေါ်ရင်ဂျီဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းကာ ဆိုင်အပြင်သို့ထွက်သွားလေတော့သည်။ ထို့နောက် ဆားပုလင်းယင်ကောင်က ကျွန်ုပ်အား

“ ကဲ .. အိုင်ပီရေ ၊ ဂျူဗလီဟောမှာ ဟိုက္ကူကဗျာရွတ်ပွဲ ရှိသတဲ့ဗျ။ နိပွန်ပြည်က ကဗျာဆရာကြီး ရာယာတိုဝါ ဂျင်ဂလိစံ ကိုယ်တိုင် ဟိုက္ကူကဗျာတွေရွတ်မယ်လို့ သတင်းရတယ်ဗျာ။ ဒီလိုပွဲမျိုးကိုတော့ လက်လွှတ်ခံလို့မဖြစ်ပေဘူး အိုင်ပီရေ့။ လုပ်လက်စအလုပ်တွေအားလုံး ခဏမေ့ထားပြီး ဂျူဗလီဟောကို ယွန်းကြစို့ဗျား ” ဟုပြောလိုက်လေသည်။

သို့ဖြစ်ရာ ကျွန်ုပ်တို့ စုံထောက်နှစ်ဦးသည် ဆူးလေလမ်းမကြီးဘက်သို့ ပြန်လျှောက်လာကြပြီးလျှင်
မြူနီစပါယ်ရုံးကြီးရှေ့တွင် စောင့်ဆိုင်းနေရာ များမကြာမီအချိန်အတွင်းမှာပင် ဓါတ်ရထားတစ်စီး ဆိုက်ရောက်လာလေတော့သည်။ ဓါတ်ရထားမှာ ဘတ်စကားကဲ့သို့ နှေးကွေးခြင်းမရှိလေရာ ကျွန်ုပ်တို့နှစ်ဦးသည်လည်း သက်တောင့်သက်သာနှင့်ပင် ဂျူဗလီဟောခန်းမကြီးဆီသို့ ဆိုက်ရောက်ခဲ့လေသတည်း။

ကျွန်ုပ်နှင့်ဆားပုလင်းယင်ကောင်တို့ မလုပ်သနီသောက်ခဲ့သော စစ်ကဲမောင်ထော်လေးလမ်း (ယခု - ဗိုလ်ဆွန်ပက်လမ်း)

ကျွန်ုပ်နှင့် ပွဲပျက်သွားသော ဂျင်ဂလိစံ


ဤသို့ဖြင့် ကျွန်ုပ်တို့မိတ်ဆွေနှစ်ဦးသည် ဓာတ်ရထားအား သက်တောင့်သက်သာစီးနင်းလိုက်ပါလာခဲ့ရာ ဂျူဗလီဟောခန်းမကြီးသို့ ရောက်ရှိခဲ့ချေသည်တမုံ့။ ဂျူဗလီဟောကြီးသည် လွန်စွာမှ ခန်းနားလှပလှချေ၏။ များစွာသော မင်းပရိသတ်များဖြင့်လည်း စည်ကားလျက်ရှိချေ၏။ ခန်းမကြီး၏ ဝင်ပေါက်တွင်မူ ကဗျာဆရာကြီး ဂျင်ဂလိစံ၏ ပုံတူပန်းချီကားကြီးကို ဗီနိုင်းပိုစတာကြီးဖြင့် ချိတ်ဆွဲထားလေရာ ကဗျာချစ်သူလူအများက ရပ်တန့်ငေးမောလျက် ရှိချေသတည်း။



ကဗျာဆရာကြီး ဂျင်ဂလိစံ မှာ အရပ်အမောင်းခပ်ပြတ်ပြတ်ဖြင့် လွန်စွာမှ ယောင်္ကျားပီသသောရုပ်ရည်ကို ပိုင်ဆိုင်လေ၏။ သူသည် ဂျပန်ရိုးရာ ဟိုက္ကူကဗျာအမျိုးအစားကိုသာ တစိုက်မတ်မတ်ရေးဖွဲ့တတ်ပြီး ကမ္ဘာ့အလည်တွင်လည်း ထင်ရှားသောအနုပညာရှင်တစ်ဦးဖြစ်ချေ၏။ တစ်ကြိမ်က သူရေးဖွဲ့ခဲ့သော ဟိုက္ကူကဗျာတစ်ပုဒ်ကြောင့် ဥရောပတိုက်ရှိ တွေးခေါ်ပညာရှင်အသိုင်းအဝိုင်းတွင် များစွာမှ ဂယက်ရိုက်သွားခဲ့ဖူးပေ၏။ အနှီကဗျာနှင့်ပတ်သက်ပြီး မျိုးစိတ်တို့၏ မူလအစ ဟူသည့် ကျမ်းကြီးကို ရေးသားဖော်ထုတ်ကာ Revolution Theory ကို ချပြခဲ့သည့် ချားလ်းဒါဝင်က အလွန်တရာနှစ်သက်လှသောကြောင့် မွန်ပါနာဆေ၌ ညစာဖြင့် ဂုဏ်ပြုဧည့်ခံသည်ဟူ၏။ (ကဗျာကို အောက်တွင်ရှု )

ကြောက်မနေပါနဲ့
မျောက်ရယ်လို့ ဖြစ်လာမှတော့
ငှက်ပျောသီးဘဲစား။

ဂျင်ဂလိစံ (အေဒီ ၂၀)

ကျွန်ုပ်နှင့် ဆားပုလင်းယင်ကောင် တို့နှစ်ဦးသည် စီအိုင်ဒီ ပုလိပ်အဖွဲ့ကြီး၏ အထူးကိုယ်စားလှယ်တော်များဖြစ်သည်နှင့်အညီ ရှေ့ဆုံးတန်းပွဲကြည့်ခုံရှိ VIP ခုံများတွင် နေရာရကြလေ၏။ ခမ်းမကြီးထဲတွင်ကား နိပွန်နိုင်ငံထုတ် မစ်ဆူရှီဘီ လေအေးပေးစက်များ တပ်ဆင်ထားသောကြောင့် ဆောင်းတွင်းတမြအေးမြလှပေတော့သည်။ ထိုင်ခုံများ၏ လက်တန်းပေါ်တွင် စက်ဝိုင်းပေါက်လေး ဖောက်ထားသော သစ်သားပြားတစ်ခုစီ ရှိလေ၏။ ထိုစက်ဝိုင်းပေါ်က်လေးများအတွင်း၌ လက်ဖက်ရည်ကြမ်းတစ်ခွက်၊ ကွာစိလှော်တစ်ခွက်တို့ကို ချထားရာ ၊ ကျွန်ုပ်တို့လည်း အခြားပရိသတ်များနည်းတူ ကွာစိလှော်အား ဖျောက်ခနဲ ဝါး၊ လက်ဖက်ရည်ကြမ်းကို ရှုးးခနဲ မှုတ်သောက်လိုက်ကြပေ၏။

မကြာမီတွင် အခမ်းအနားမှူး မှ နိပွန်ဘာသာဖြင့် တစ်စုံတစ်ခုကို ကြေငြာလေရာ ကျွန်ုပ်မှာ နားမလည်နိုင်သဖြင့် နိပွန်ဘာသာစကား တတ်ကျွမ်းသော ကိုယင်ကောင့်ကိုပင် မေးရလေသည်။

ကျွန်ုပ် ။  ။ “ အိုင်ဆေး ကိုယင်ကောင်၊ ယူးဝါရှုးဝါး အီးရှုးဝါ .. အာဂျီနိုမိုတို .. ဆိုပါလားဗျ။ ဘယ့်နှယ့်အဓိပ္ပာယ်ကြီးတုန်း”
ကိုယင်ကောင် ။  ။ “ ပိတ်တတ်ကြီးအားလုံး မင်္ဂလာအပေါင်းနှင့် ခညောင်းသော ညနေခင်းပါ လို့ ဆိုလိုတယ်အိုင်ပီ”

နုပ် ။  ။ “ ရွှေ့ ...  နိပ်ဟ။ အံမယ်.. အံမယ် .. ပြောနေပြန်ပြီ ။ နိပွန် ဘီရုမာ အိုးနားဂျိ ၊ အိုးနားဂျိ ဆိုပါ့လား။ လင်းပါဦး ကိုယင်ကောင်”
ကိုယင်ကောင် ။   ။  “နိပွန် နဲ့ ဗမာ အတူတူဘဲ ၊ ညီအကိုတွေလို ချစ်ချစ်ခင်ခင်နေကြမယ်လို့ ဆိုလိုပါတယ် အိုင်ပီ ”

ဤမျှလောက်ဆိုလျှင် ကျွန်ုပ်သည်လည်း နိပွန်စကားကို နားရည်ဝပြီမို့ ကိုယင်ကောင့်အား အနှောက်အယှက်မပေးချင်တော့ပါ။ အခမ်းအနားမှူး ပြောသည့် နိပွန်စကားအား မိမိကိုယ်တိုင် ဖြည့်စွက်  နားလည်ရချေသည်တမုံ့ ။ ထိုအခိုက် အခမ်းအနားမှူးမှ “ဂျင်ဂလိ .. စံ .... ” ဟူ၍ အသံပြဲကြီးနှင့် အော်လိုက်ရာ ကျွန်ုပ်တို့ ပရိသတ်ကြီးကာ ဘာမသိ၊ ညာမသိ နှင့် လက်ခုပ်သြဘာပေးကြချေ၏။

ထို့နောက် နိပွန်ကဗျာဆရာကြီး ယာရာတိုဝါ ဂျင်ဂလိစံ စင်ပေါ်တက်လာပြီး ပရိသတ်ကြီးအား နှုတ်ခွန်းဆက်လေသည်။

ဂျင်ဂလိ ။  ။ “ ယူးဝါ ရှုးဝါ အီးရှုးဝါ အာဂျီနိုမိုတို ။ အာရိဂသော ဂိုဇိုင်းမက်၊ ဘန်ဇိုင်း ဘန်ဇိုင်း .. ”
( မြန်မာပြန် - ပရိသတ်ကြီး မင်္ဂလာပါ ။ ကျနော်ကတော့ ဂျင်ဂလိစံ ဖြစ်ပါတယ်။ အခုချိန်က စပြီး ဟိုက္ကူကဗျာများကို ရွတ်ပါတော့မယ်)

ကျွန်ုပ်တို့ ။   ။   “ယောရောရှိ  ၊  ယောရောရှိ ”
( ကောင်းပါပြီ ... ရွတ်ပါတော့ဗျိုး။ )

ဂျင်ဂလိ ။  ။ “ ဒီလို ပိတ်တတ်ကြီးရေ။ ကျနော်ဒီနေ့မနက် ဘုရားကအပြန် ဗျိုင်းရေအိုးစင်လမ်းအတိုင်း လမ်းလျှောက်လာတုန်း လမ်းဘေးတစ်နေရာမှာ .. သောက်ရေအိုးစင်ကလေးတစ်ခုဗျာ။ ယိုင်နဲ့နဲ့လေး ။ ပြုပြင်မယ့်သူ မရှိရှာဘူးထင်ပါ့။ အဲ့တာ မြင်မကောင်းတာနဲ့ဘဲ ရေတစ်ခွက်သောက်ပြီး တွန်းလှဲပစ်ခဲ့တယ်။ အဲ့တာလည်း ပါဖောင်းမန့်စ်တစ်ရပ်ပေဘဲ မဟုတ်လားခင်ဗျ။ ဒူးချမ့်ရဲ့  သေးခွက်ကြီးတောင် ဆယ်ပေါင်တူနဲ့ အထုခံရသေးတာဘဲ။ အဲ့ဒီအချိန်မှာဘဲ ကျနော့်ရင်ထဲမလည်း ကဗျာတစ်ပုဒ် မွေးဖွားခဲ့ပါရောဗျာ။ ”

အရိပ်

ဖုန်တထောင်းထောင်းထ
လှည်းလမ်းမနေပူပူမှာ
သောက်ရေအိုးစင်လေး။

ကျွန်ုပ်တို့ ။  ။ “ ရွှီးး .. ဖြောင်း .. ဖြောင်း။ အင်မတန် ကြီးမြတ်တဲ့ အနုပညာတစ်ရပ်ပေဘဲ ။ ယောရောရှိ၊ ယောရောရှိ ။ ”
ဤသို့ ကျွန်ုပ်တို့ ပရိသတ်ကြီးမှ လက်ခုပ်သံတဖြောင်းဖြောင်းဖြင့် သြဘာပေးလိုက်သောအခါ ကဗျာဆရာကြီး ဂျင်ဂလိစံ မှ ဦးညွှတ်၍ အရိုအသေပေးလေသည်။ ထို့နောက် ဟိုက္ကူတစ်ပုဒ် ထပ်ရွတ်ပြန်သည်။

ဂျင်ဂလိ ။  ။ “ဒီတစ်ပုဒ်ကိုတော့ ခင်ဗျားတို့ရဲ့ မဟာရန်ကုန်မြို့ကြီးမှာ ၂ ညတာ နေထိုင်တုန်း မီးပျက်တဲ့ ဒွတ်ခ၊ ရေမလာတဲ့ ဒွတ်ခ၊ ခြင်ကိုက် ဖုံထူ အိပ်မရတဲ့ညတွေမှာ ခံစားပြီးရေးဖွဲ့ခဲ့ရတာပါ။ နားထောင်ကြည့်ပါဦး ”

မဟာရန်ကုန်

မီးမပျက်ပါဘူး
မှောင်နေတာဘာဖြစ်လို့လဲ
လမထွက်တဲ့ည။

ဤတစ်ကြိမ်တွင်တော့ ပရိသတ်ကြီးမှ လက်ခုပ်သြဘာမပေးတော့ပါ ။ မကြာမဏ မီးပျက်လေ့ရှိသော သူတို့၏ ရန်ကုန်မြို့အား သရော်သည့်သဘော၊ ရိ သည့်သဘောဖြင့် “မီးမပျက်ပါဘူး” ဟု လှောင်ပြောင်၍ ကဗျာဖွဲ့ဆိုသော ဂျင်ဂလိစံ အား ပြင်းထန်စွာ ဆဲရေးရှုတ်ချကြလေတော့သည်။

“ ဟေ့.. တို့မြန်မာပြည်ကို မထိနဲ့၊ မီးပွင့်သွားမကွ။ ဘာမှတ်လဲ။ ”
“ ဇာတိပုည၊ ဂုဏ်မာန ကွ။ မဟာသာကီနွယ်မျိုး၊ အရှေ့တောင်အာရှမှာ တန်ခိုးထွားခဲ့တဲ့ ရာဇဝင်များရဲ့ သတို့သမီးကွ” ဟု အခြောက်တိုက် ဘဝင်မြင့်ကြကုန်၏။

“ အမြတ်ခွန်မဆောင်ချင်နေ၊  မြန်မာကိုတော့ မစော်ကားနဲ့ကွ။ မခံနိုင်ဘူး။ ”
“ တို့မြန်မာ ... တို့မြန်မာကွ။ မြန်မာ့သတ္တိ ၊ ကမ္ဘာကသိတယ်။ လာမထိနဲ့ မီးပွင့်သွားမယ် ” ဟူ၍ ပလိန်းကြီး ခွပ်ကြကုန်၏။

“ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေဘူးဟေ့ ” ဟု လက်သီးလက်မောင်းတမ်းကြကုန်၏။

“ ကမ္ဘာမကြေ ... ဗမာပြည် .. ဒါတို့ပြည် ဒါတို့မြေ .. ဒါ ငါတို့မြေ ... ” ဟု မဆီမဆိုင် နိုင်ငံတော်သီချင်း ထဆိုကြကုန်၏။

“ မီးတုတ် မီးတုတ် ၊ ရှို့ ရှို့ ၊ ဂျင်ဂလိ ဂျင်ဂလိ ထု ... ထု ” ဟု အခြောက်တိုက် ကြိမ်းဝါးကာ ဘယ်ကဘယ်လို ကောက်လာသည် မသိရသော အုတ်နီခဲများ၊ ကွမ်းသွေးထုပ်များ ၊ ပြောင်းဖူးရိုး၊ ခုံဖိနပ်များဖြင့်ပစ်ပေါက်ရာ ကမ္ဘာတစ်ခွင် ပြဲပြဲစင် မျက်နှာပန်းပွင့်ခဲ့သော ဟိုက္ကူကဗျာဆရာ ဂျင်ဂလိစံမှာ ဖနှောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် စင်ပေါ်မှ ဆင်းပြေးရလေတော့သတည်း။

ထိုအချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကဗျာဆရာများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဂေါ်ဂေါ်(လပွတ္တာ) သည် စင်ပေါ်သို့ အပြေးအလွှားတက်လာပြီးသကာလ “မလုပ်ကြပါနဲ့ဗျာ ... မလုပ်ကြပါနဲ့ဗျာ ... ” ဟု မျက်နှာငယ်လေးနှင့် တောင်းပန်လေ၏။

“အေဘေး ဦးဂေါ်ဂေါ် ၊ ခင်ဗျားကြီး ဖီပါ ( FIPA ) ကမ္ဘာ့ကဗျာအဖွဲ့ချုပ်က အာရကေတွေ မရတော့မှာကြောက်လို့ ကျုပ်တို့ကို လာငိုပြမနေနဲ့။ မြန်မာပြည်ကို စော်ကားတာ ခင်ဗျားခံနိုင်ပေမယ့် ကျုပ်တို့ မျိုးချစ်တွေက မခံနိုင်ဘူး ... ” ဟု ဆိုကာ ဥက္ကဋ္ဌကို ခဲ ဖြင့်ဝိုင်းပေါက်ကြလေ၏။ ဥက္ကဋ္ဌ လည်း ထိပ်ပေါက်သွားသဖြင့် စင်ပေါ်မှ ဆင်းပြေးရလေ၏။ ကဗျာကို အနုပညာဟု မရှုမြင်ဘဲ မြန်မာပြည်အား အသလွတ်စော်ကားသည်ဟု အမြင်ကျဉ်းမြောင်းရှာသော ပရိသတ်အချို့က ဆဲမြဲဆဲလျက်၊ တချို့က အုတ်ကျပ်ခဲဖြင့် ပေါက်မြဲပေါက်လျက် လုပ်လေရာ နောက်ဆုံးတွင် ပွဲပျက်ခြင်းသို့ ရောက်ချေတော့၏။

သို့ဖြင့် ကျွန်ုပ်နှင့် ကိုယင်ကောင် မှာ ကဗျာရွတ်သံ ကို ဆက်လက်နားဆင်လိုပါသော်လည်း အခြေမလှသည်နှင့် ခဲပျံ၊ ဖိနပ်ပျံ မထိစေခြင်းငှာ ကုပ်ချောင်းချောင်းဖြင့် ပြန်လာရချေ၏။ ဂျူဗလီဟော အပြင်သို့ရောက်သောအခါ အနုပညာဗီဇ မသေးလှသော ဆားပုလင်းယင်ကောင် မှ အောက်ပါ ဟိုက္ကူကဗျာတစ်ပုဒ်အား ဒေါင်းတိမောင်းတိ ရင့်ကျူးလေ၏။

တလွဲဆံပင်ကောင်း
တကောင်းအဘိရာဇာတို့
အလောင်းဘုရားသွေး

ဘိုးဘေးတို့ထုံးစံ
ဖိနပ်ပျံငနီဝဲလို့
ပြေးးနိုင်မှလွတ်မယ်။

ကျွန်ုပ်မှာ လွန်စွာမှ နှစ်သက်သွားရကား ဆားပုလင်းယင်ကောင်၏မျက်နှာအား တစိမ့်စိမ့်ကြည့်ယင်း မေးခွန်းထုတ်မိချေ၏။

ကျွန်ုပ် ။   ။ “ အိုင်ဆေး ကိုယင်ကောင်၊ ကဗျာလေးကတော့ ဟက်ထ် ထိ သဗျို။ ခေါင်းစဉ် ဘယ့်နှယ့်ပေးမလဲ”
ကိုယင်ကောင် ။  ။  “ ဇာတိပုည၊ ဂုဏ်မာန မဟုတ်လား အိုင်ပီရဲ့။  ဗမာ့သွေး လို့ ပေးမဗျား” ဟု ပြန်ပြောလေတော့သတည်း။

ပြီးပါပြီ
credit ပီကာဆို